
Sing! Karaoke by Smule 4.1.1 APK (VIP Unlocked) Full Free Hacked!
Smule နောက်ဆုံးဗားရှင်း 4.1.1 ကို VIP Unlocked တောင်းဆိုနေတဲ့သူများအတွက်တင်ပေးလိုက်ပါပြီ။
ဒီကောင်လေးက ခုနောက်ပိုင်းအွန်လိုင်းမှာကာရာအိုကေဆိုကြတဲ့ နာမည်ကြီး App တစ်ခုဆိုတာအားလုံးသိပြီးသားပါ။
ကိုယ်ကြိုက်တဲ့သီချင်းကို ကြိုက်တဲ့သူနဲ့တွဲဆိုနိုင်တဲ့အတွက် အားလုံးကြားမှာ Facebook လိုမျိုးပဲ လူကြိုက်များရေပန်းစားနေတဲ့ App အလန်းလေးပါ။
အဲ့ဒီတော့သူ့ကိုအကျယ်ချဲ့မိတ်ဆက်ပေးမနေတော့ပါဘူး။
ကျနော်တို့ ကိုယ်ကြိုက်တဲ့သီချင်း ကြိုက်တဲ့သူတွေနဲ့တွဲဆိုနိုင်ကြဖို့အတွက် Smule မှာ VIP ဖြစ်နေဖို့လိုပါတယ်။
အဲ့ဒီ VIP ဖြစ်ဖို့ကို ၁ လဘယ်လောက် ၁ နှစ်ဘယ်လောက်ဆိုပြီး ဝယ်သုံးရပါတယ်။
ဝယ်မသုံးချင်တဲ့သူတွေ ဝယ်သုံးဖို့အဆင်မပြေတဲ့သူတွေကတော့ Free ရအောင် Patch လုပ်ပြီးသုံးကြတာပေါ့ဗျာ...
အခုလည်းဒီလဒီဇင်ဘာ ၁၉ ရက်နေ့ကမှထွက်ထားတဲ့ ဒီနောက်ဆုံးဗားရှင်းကို VIP Unlocked ဖြစ်အောင် Patch လုပ်မယ့်နည်းကို တင်ပေးလိုက်တာပါ။
အဲ့ဒီတော့ကျနော်တို့ဘက်က တစ်ပြားတစ်ချက်မှပေးဆောင်စရာမလိုတော့ပဲ VIP အဖြစ်ကိုရရှိနိုင်မှာဖြစ်ပါတယ်။
အဓိကကိုယ့်ဖုန်းမှာလိုအပ်တာက Root Access ပါ။
Root ရှိဖို့လိုအပ်ပါတယ်။
Root မရှိရင်တော့ရနိုင်မှာမဟုတ်ပါ။
ကျနော် Root မလိုတဲ့နည်းကိုရှာကြံသေးပေမယ့်မတွေ့သေးလို့ပါ။
ကိုယ်တိုင်လည်းနည်းမျိုးစုံနဲ့စမ်းသပ်နေတုန်းပါ မတွေ့သေးပါဘူး။
Root မလိုပဲ VIP ရနိုင်မယ့်နည်းကိုသိထားကြရင်လည်း အလင်းပြခဲ့ကြပါဦး :D
လောလောဆယ်တော့ Root ရှိမှအဆင်ပြေမယ့်နည်းကိုပဲအရင်တင်နှင့်ပေးလိုက်ပါတယ်။
Root မလိုပဲရနိုင်မယ့်နည်းတွေ့ရှိလာရင်လည်းထပ်တင်ပေးပါ့မယ် :D

တကယ်လို့ ဖုန်းက Root မဖောက်ရသေးဘူး Root ဖောက်ချင်ရင် ဖုန်းကနေအလွယ်တကူ Root ဖောက်ပေးနိုင်တဲ့ Rooting App တွေကို ဒီမှာ သွားဒေါင်းပြီး တစ်ခုမရရင် တစ်ခုနဲ့စမ်းကြည့်ပါ။
.
အသုံးပြုနည်း
===========
အသုံးပြုနည်းကတော့ ပထမဦးစွာ ဒီ Smule VIP Unlocked ကိုဒေါင်းပြီးဖုန်းမှာ Install လုပ်ပြီးဖွင့်လိုက်ပါ။
ပြီးရင်တော့ Install Smule ကိုနှိပ်ပြီး Smule နောက်ဆုံးဗားရှင်း 4.1.1 ကို Install လုပ်လိုက်ပါ။
ပြီးရင်တော့ဖွင့်ချင်ရင်လည်းဖွင့်ကြည့်နိုင်ပါတယ်။
ဒါပေမယ့် VIP တော့မရသေးဘူးနော်...
VIP ရဖို့အတွက် Install Smule Patcher ကိုနှိပ်ပြီး Smule ကို Patch လုပ်ပေးမယ့်ကောင်ကို Install လုပ်ပေးလိုက်ပါ။
ပြီးရင်တော့ဖွင့်လိုက်ပါ Root Permission တောင်းလာရင် Grant သို့ Allow ပေးလိုက်ပါ။
ပြီးရင်တော့ နည်းနည်းစောင့်ပေးရပါလိမ့်မယ်။
အကုန်လုံးပေါ်လာပြီဆိုရင် Sing! ဆိုတဲ့နာမည်နဲ့ Smule ကိုရှာလိုက်ပါ။
တွေ့ရင်နှိပ်လိုက်ပါ Open Menu Of Patches ကိုဆက်ဝင်ပါ။
ပေါ်လာတဲ့အထဲမှာ Custom Patch ကိုနှိပ်ပေးလိုက်ပါ။
တကယ်လို့ Custom Patch ကိုမတွေ့ရင် App ကနေတစ်ချက်ထွက်ပြီးမှ ပြန်ဝင်ခဲ့လိုက်ပါ။
မရသေးရင်ဖုန်းကို Restart ချပေးပါ။
တွေ့ရင်တော့နှိပ်ပေးလိုက်ရုံပါပဲ ပြီးရင်တော့သူ့အလုပ်သူဆက်လုပ်သွားပါလိမ့်မယ်။
စောင့်နေပေးလိုက်ပါ ကိုယ့်ဖုန်းအမျိုးအစားအလိုက် နည်းနည်းကြာကြာစောင့်ပေးရတတ်ပါတယ်။
အားလုံးပြီးသွားရင်တော့ ပြီးစီးကြောင်း Message ပြလာပါလိမ့်မယ်။
Launch ကိုနှိပ်ပြီး App ကိုဖွင့်လိုက်လို့ရပါပြီ။
ဂုဏ်ယူပါတယ် မိတ်ဆွေ အခုဆိုရင်သင်တစ်ပြားမှမကုန်တော့ပဲ VIP ရသွားပါပြီ :P
စိတ်ကြိုက်ဝင်ဟဲလို့ရပါပြီ :D
အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ...
မရှင်းသေး နားမလည်သေးရင်အောက်က Video ကိုဖွင့်ကြည့်လိုက်ပါ။
လုပ်နည်းကို Video နဲ့သေချာရှင်းပြပေးထားပါတယ်။
Thnk You
ReplyDelete