Wednesday, December 21, 2016

Gift App Maker



ကိုယ်ချစ်ရတဲ့သူတွေအတွက် ကိုယ့်ဖုန်းထဲကနေလက်ဆောင် Apk လေးတွေ
အလွယ်တကူလုပ်ပေးနိုင်မယ့် #Gift_App_Maker

ဒီ Gift App Maker လေးကကျနော်တို့ကွန်ပျူတာမလို ဘာ Coding မှရေးစရာမလိုပဲ
ကိုယ့်ဖုန်းထဲကနေ ကိုယ်လက်ဆောင်ပေးချင်တဲ့သူတွေကို လက်ဆောင် App လေးလုပ်ပေးနိုင်ပါတယ်။
ဥပမာ- ကိုယ့်ချစ်သူရဲ့မွေးနေ့အတွက် ကိုယ်တိုင် App လေးလုပ်ပြီးသူ့ကိုပေးလို့ရတာပေါ့။
ဒါကကိုယ့်ချစ်လေးအတွက် ကိုယ်တိုင်လုပ်ထားပေးတာဆိုပြီးတော့ပေါ့ :P
App လေးထဲမှာ ကိုယ်ထည့်ချင်တဲ့သူတွေရဲ့ပုံတွေထည့်လို့ရမယ်၊ ကိုယ်ထည့်လိုက်တဲ့ပုံလေးတွေက
App ဖွင့်လိုက်တဲ့အခါအော်တို Slideshow လေးပြနေမှာပါ။
ကိုယ်ရေးချင်တဲ့စာသားတွေရေးထည့်ပေးလို့ရမယ်၊
အဲ့စာသားတွေကလည်း App ဖွင့်လိုက်တာနဲ့ စာရိုက်တဲ့ပုံစံလေးနဲ့ တစ်လုံးချင်းရိုက်ပြနေမှာပါ။
ကိုယ်နားထောင်စေချင်တဲ့ အသံတွေသီချင်းတွေထည့်လို့ရပါတယ်၊ App ကိုဖွင့်လိုက်တာနဲ့

Background မှာဖွင့်ပြနေမှာပါ။
icon ကိုလည်းကိုယ်ထားချင်တဲ့ပုံထားနိုင်ပါတယ်။
ဆော့ဝဲနာမည်ကိုလည်း ကိုယ်ပေးချင်သလိုပေးလို့ရပါတယ်။
.
ဒီ App လေးကပထမတော့ ကျနော်နဲ့ဝေးနေတဲ့ကျနော့်သူငယ်ချင်းအတွက် လက်ဆောင်ပေးဖို့ဆိုပြီးလုပ်ထားတာပါ။
နောက်တခါတခြားသူငယ်ချင်းတွေအတွက်ပါ လွယ်လွယ်ကူကူလုပ်လို့ရအောင်ဆိုပြီး Maker တခုအနေနဲ့လုပ်လိုက်တာပါ။
အခုတော့တခြားသူတွေပါသုံးလို့ရအောင်ဆိုပြီး တင်ပေးလိုက်တာပါ။
ကျနော်တို့လိုလူငယ်တွေအတွက်တော့ အရမ်းအသုံးဝင်ပါတယ်။
ကိုယ့်ချစ်သူအတွက်ရော၊ သူငယ်ချင်းတွေ၊ လူကြီးမိဘတွေအတွက်ပါ ပေးလို့ရပါတယ် :V
အားလုံးကြိုက်ကြမယ်ထင်ပါတယ်။
အဆင်မပြေတာလေးတွေရှိရင်ကျနော့်ကိုလာပြောပေးကြပါ။
လိုအပ်တာလေးတွေရော တခြားကိုယ်လိုချင်တဲ့ပုံစံလေးတွေ လာပြောပေးကြပါ။
ကျနော်ထပ်မံပြင်ဆင်ပြီး Update လုပ်ပေးပါမယ်။
နောက်ပိုင်းကျရင်လည်း ခုလိုမျိုး ကိုယ့်ဖုန်းကနေအလွယ်တကူလက်ဆောင် App လေးတွေလုပ်လို့ရအောင်
အသစ်အဆန်းလေးတွေလုပ်ပေးသွားပါဦးမယ်။
ဖိုင်ဆိုဒ်ကလည်း 7 MB ကျော်ပဲရှိပါတယ်။





ဒါကတော့ ကျနော်လုပ်ထားတဲ့ အဲ့ဒီ Gift App Maker ကနေထွက်လာတဲ့ Gift App လေးပါ။>> ဒီမှာပါ <<
ကိုယ့်အချင်းချင်းလက်တို့ပေးကြပါဦး <3

အသုံးပြုနည်းကတော့ အောက်က Video ကိုသာဖွင့်ကြည့်လိုက်ပါ။


Screenshots

===========








No comments:

Post a Comment