Tuesday, December 27, 2016

BaiduRoot



ဖုန်းတော်တော်များများကို Root ဖောက်ပေးနိုင်တဲ့ BaiduRoot


iRoot,Kingroot တို့လိုပဲ BaiduRoot ကလည်း Android ဖုန်းတွေကို ကွန်ပျူတာမလိုပဲဖုန်းတော်တော်များများကို
Root ဖောက်ပေးနိုင်တဲ့ Rooting Tool တွေထဲကတစ်ခုပါ။
ဒီ Root တွေကိုမိမိတို့ဖုန်းမှာဆောင်ထားသင့်ပါတယ်။
ကိုယ်ဖောက်ချင်တဲ့ဖုန်းကို တခုမဟုတ် တခုနဲ့ဖောက်နိုင်တာပေါ့ 😀
ဖုန်းအားလုံးကိုဖောက်ပေးနိုင်တယ်လို့တော့မဟုတ်ပေမယ့် တော်တော်များများကိုဖောက်ပေးနိုင်ပါတယ်။
ကွန်ပျူတာမသုံးပဲ Root ဖောက်မယ်ဆိုရင်တော့ အခုပြောတဲ့ Root Tool တွေနဲ့တခုမရရင် နောက်တစ်ခုနဲ့ထပ်စမ်းကြည့်ပေါ့။



အသုံးပြုနည်း
==========
အသုံးပြုနည်းကတော့အရမ်းလွယ်ပါတယ်။
Root တွေအားလုံးကသဘောတရားတွေ အသုံးပြုနည်းတွေတူကြပါ။
Apk ကို Install လုပ်ပြီးဖွင့်
အထဲက BaiduRoot ကို Install လုပ်ပါ။
Install လုပ်နေစဉ် Installation Blocked လို့ပြလာရင် More details ကိုနှိပ်ပြီး
Install anyway (unsafe) ကိုနှိပ်ပေးလိုက်ပါ။
Root ဖောက်တဲ့အခါ အင်တာနက်လိုင်းဖွင့်ပေးထားဖို့လိုအပ်ပါတယ်။
Wifi ရှိရင်တော့ wifi နဲ့ချိတ်လိုက်ပေါ့နော်…
ပြီးရင်တော့ BaiduRoot ကိုဖွင့်လိုက်ရင်တရုတ်စာတွေပဲတွေ့ရပါလိမ့်မယ်။
Root ပါတဲ့စာလုံးကိုရွေးနှိပ်ပေးလိုက်ပါ။
အော်တို Root ဖောက်ပေးနေပါလိမ့်မယ်။
ဘာမှများများစားစားလုပ်ပေးစရာမလိုပါ။
ဖုန်းအားလုံးပေါက်နိုင်တယ်လို့တော့မဆိုလိုပါ။
ဒါပေမယ့်ဖုန်းတော်တော်များများကို ဖောက်ပေးနိုင်ပါတယ်။
ဒီကောင်နဲ့မရရင်တော့ တခြား Root တွေနဲ့စမ်းကြည့်ပေါ့

အဆင်ပြေပါစေ..

No comments:

Post a Comment