Wednesday, December 21, 2016

SMS Unlocker (Bypass All Screenlock)

Cover art

Screenlock ခတ်ထားတဲ့ဖုန်းတလုံးကို Unlock လို့
Message ပို့လိုက်တာနဲ့ Lock ဖြုတ်ပေးနိုင်တဲ့ SMS Unlocker (All Screenlock) Update ထွက်ရှိလို့လာပါပြီ။



အဟောင်းလေးပါ၊ ဟောင်းပေမယ့်ကောင်းနေသေးလို့ ဒီအကောင့်မှာပြန်တင်တာ :3
ကိုယ့်ဖုန်း Password ခံထားပြီး မေ့မှာစိုးတဲ့သူအတွက်ရော ကိုယ့်ချစ်သူရဲ့ဖုန်းကို
တွေ့တိုင်းကြည့်ချင်တဲ့သူတွေအတွက် SMS Unlocker ဆိုတဲ့ App လေးနဲ့မိတ်ဆက်ပေးပါရစေ...
ဒီ App လေးကိုကျနော်လွန်ခဲ့တဲ့ ၄ လလောက်ကတည်းက ကိုထူးဖြိုးရဲ့ကုဒ်တွေကြည့်ပြီးလုပ်ထားတာပါ။
ဒီမနက်မှလိုအပ်တာလေးတွေထပ်မံပြင်ဆင်ဖြည့်သွင်းပြီး Update လုပ်ပေးလိုက်တာပါ။
ဖိုင်ဆိုဒ်ကလည်း 2MB ကျော်လေးပဲရှိပါတယ်။ သေးသေးလေးပါ။
သူ့ရဲ့လုပ်ဆောင်ချက်ကတော့ Root ဖောက်ထားတဲ့ဖုန်းတလုံးမှာ ဒီ App လေးထည့်ထားပေးရုံနဲ့
Unlock လို့ Message ပို့လိုက်တာနဲ့ ရှိသမျှ Screenlock ကိုဖြုတ်ပေးနိုင်ပါတယ်။
Password, Pattern, Pin ဘာလော့ညာလော့အကုန်ပြုတ်ပါတယ်။
အဓိကကတော့ ဒီ App ကိုသုံးဖို့ ကိုယ်သုံးမယ့်ဖုန်းမှာ Root ဖောက်ထားဖို့လိုအပ်တာပါပဲ။
ဒီ App လေးကတော့တော်တော်အသုံးဝင်ပါတယ်၊ ကျနော်ဆိုရင်ကိုယ်ခတ်ထားတဲ့ Lock မေ့မှာစိုးလို့ ဒီကောင်လေးကိုထည့်ထားပါတယ်။ မေ့သွားတဲ့အခါ အခြားဖုန်းတစ်လုံးကနေ Unlock လို့ SMS ပို့လိုက်တာနဲ့ Lock ကပြုတ်ပြီလေ :3
ကျနော့်သူငယ်ချင်းတစ်ယောက်ဆို သူ့ကောင်မလေးနဲ့တွေ့တိုင်း ကောင်မလေးရဲ့ဖုန်းကိုကြည့်ချင်တယ်လေ

ဘယ်သူနဲ့ကြူထား ပြောထားလည်းသိချင်တာပေါ့။
သူ့စော်ကလည်းဖုန်းကို Password ခံထားတော့ အဲ့ကောင်တိုင်ပတ်ရောလေ :P
တနေ့ကျတော့အဲ့ကောင်မရရအောင်ဖွင့်ခိုင်းပြီး ဒီ App လေးထည့်ထားလိုက်တာ ခုတော့အချိန်မရွေးကြည့်လို့ရသွားရော ငိငိ :P




.
အသုံးပြုနည်း
=========
အသုံးပြုနည်းကတော့လွယ်ပါတယ်။
SMS Unlocker ကိုဖုန်း Install လုပ်ပြီးဖွင့်လိုက်။
ပြီးရင် ခလုတ်က Start နဲ့ Stop ပဲရှိပါတယ်။
Start ကိုနှိပ်လိုက်ပါ Root ရှိတဲ့ဖုန်းဆိုရင်တော့ Superuser Request တောင်းခံလာပါလိမ့်မယ်။
Allow / Grant ကိုနှိပ်ပြီးလက်ခံပေးလိုက်ပါ။
Root မရှိရင်တော့ Root မရှိကြောင်း Error ပြလာပါလိမ့်မယ်။
Allow / Grant ကိုနှိပ်ပြီးရင် Start ကိုနောက်တချက်ထပ်နှိပ်လိုက်ပါ။
ဒါဆိုရပါပြီ ဖုန်း သော့ခတ်ပြီး တခြားဖုန်းတလုံးကနေ Unlock လို့စမ်းပို့ကြည့်ပေါ့။
ဖုန်းကအော်တို Reboot ကျသွားမယ် ပြန်တက်လာရင် အကုန်ပြုတ်ပြီ :3
တကယ်လို့မသုံးချင်တော့ရင် Stop ကိုနှိပ်လိုက်ရုံပါပဲ။ :V
.
ကိုယ်အသုံးချချင်သလိုအသုံးချနိုင်ပါတယ်။
အဓိကကတော့ကိုယ်သုံးမယ့်ဖုန်းမှာ Root Access ရှိဖို့ပါပဲ။
Root ဖောက်နည်းကတော့ ကိုယ်ဖုန်းရဲ့မော်ဒယ်အလိုက် ဗားရှင်းအလိုက်တလုံးနဲ့တလုံးမတူကြပါ။
မဖောက်ရသေးတဲ့ဖုန်းကို ဖောက်ချင်တယ်ဆိုရင်တော့ ကိုယ့်ဖုန်းမော်ဒယ်အလိုက် ဗားရှင်းအလိုက် Google မှာရှာလိုက်ပါ၊။
ဥပမာ Samsung Galaxy J7 ကို Root ဖောက်ချင်တယ်ဆိုရင် Google မှာ
How to Root Samsung Galaxy J7 အဲ့လိုမျိုးလေးရှာလိုက်ပေါ့။
ဖုန်းနာမည်နေရာမှာတော့ ကိုယ့်ရဲ့ဖုန်းကိုထည့်လိုက်ပေါ့။
ပြီးရင်ကိုယ်တွေ့တဲ့အတိုင်းလိုက်လုပ်ကြည့်ကြပေါ့ :D
Root ရှိပြီဆိုရင်တော့စိတ်ကြိုက်ကလိနိုင်ပြီလေ :3
တချို့ဖုန်းတွေကတော့ ကွန်ပျူတာမလိုပဲဖုန်းထဲမှာတင်ဖောက်လို့ရနိုင်ပါတယ်။
ဗားရှင်းမြင့်တဲ့ဖုန်းတွေကတော့ ကွန်ပျူတာနဲ့မှရနိုင်တာတွေလည်းရှိပါတယ်။
အားလုံးအဆင်ပြေနိုင်ကြပါစေ


Screenshots

===========

 SMS Unlocker (All Screenlock)- screenshot

 SMS Unlocker (All Screenlock)- screenshot


 SMS Unlocker (All Screenlock)- screenshot


 SMS Unlocker (All Screenlock)- screenshot


 SMS Unlocker (All Screenlock)- screenshot


 SMS Unlocker (All Screenlock)- screenshot


 SMS Unlocker (All Screenlock)- screenshot

No comments:

Post a Comment