ဖုန်းနံပါတ်သိရုံနဲ့ သူဘာဖုန်းကိုင်လဲ ကြည့်လို့ရတဲ့ Dtac APN + Tracker Update ဗားရှင်းလေးထွက်ရှိလာပါပြီ။
ဒီနည်းကတော့ထိုင်းမှာနေတဲ့သူတွေအတွက် သီးသန့်ပါ။
ထိုင်းက Dtac Sim တွေပဲရပါမယ်။
သူရဲ့လုပ်ဆောင်ချက်ကတော့ ကိုယ်ရထားတဲ့နံပါတ်တခုကို ဒီထဲရိုက်ထည့်လိုက်တာနဲ့
သူဘာဖုန်းကိုင်လဲ ဒီဖုန်းနံပါတ်ကဘယ်ဖုန်းအမျိုးအစားထဲမှာထည့်သွင်းအသုံးပြုနေတာလဲ
ထည့်သွင်းအသုံးပြုခဲ့တာလည်း အားလုံးကိုတွေ့မြင်နိုင်ပါတယ်။
ကိုယ့်ချစ်သူဖုန်းနံပါတ်ကိုပဲဖြစ်ဖြစ်စစ်ကြည့်လို့ရတာပေါ့

(သိတယ်မလား ထိုင်းမှာတချို့က Nokia ကိုင်ပြီး
iPhone လို့ပြောနေကြတဲ့သူတွေရှိတယ်ဆိုတော့လေ

ပြီးတော့အင်တာနက်လိုင်းမတက်ဘူးဆိုတဲ့ Dtac နံပါတ်တွေကိုလည်း
APN ပို့ပေးလို့ရပါတယ်၊ ဒါဆိုလိုင်းမတက်ဘူးဆိုတဲ့ဖုန်းတွေတက်ပြီလေ

တခြား Sim ကဒ်တွေမရပါ။
ထိုင်းက Dtac တခုတည်းရပါမယ်။
အခြားနိုင်ငံတွေမရပါ။
စမ်းကြည့်ပေါ့ အသုံးဝင်မယ်ထင်လို့ တင်ပေးလိုက်ပါတယ်



အသုံးပြုနည်း
==========
အသုံးပြုနည်းကတော့ ဘာမှမခက်ပါဘူး။
Dtac APN + Tracker ကိုဖုန်းမှာ Install လိုက်။
အင်တာနက်လေးဖွင့်လိုက်
ပြီးရင် App လေးကိုဖွင့်လိုက် ဝင်ဝင်ချင်း ကိုယ်ကြည့်ချင်တဲ့သူရဲ့ဖုန်းနံပါတ်ကို ကွက်လပ်ထဲမှာရိုက်ထည့်ပေးပြီး Submit ကိုနှိပ်ပြီး ရှေ့ဆက်သွားလိုက်ပါ။
နောက်တဆင့်မှာ သူအောက်ဘက်မှာပြထားတဲ့ ရှုပ်ယှက်ခတ်နေတဲ့စာလိမ်တွေကို သေချာကြည့်ပြီး ကွက်လပ်ထဲကို ရိုက်ထည့်ပေးလိုက်ပါ။
ဒါဆိုနောက်တဆင့်မှာ လက်ရှိသူအသုံးပြုနေတဲ့ဖုန်းအမျိုးအစားကိုမြင်နိုင်ပါပြီ

Good Luck ;')
အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ...
Screenshots
============
No comments:
Post a Comment