Tuesday, December 27, 2016

Myanmar APNs



အင်တာနက်လိုင်းမတက်တဲ့ဖုန်းများအတွက် APN Setting အလွယ်တကူကြည့်ချိန်နိုင်မယ့် Myanmar APNs



ဖုန်းကလိုင်းလည်းကောင်းတယ် Bill လည်းရှိသေးတယ် အင်တာနက်ကိုလည်းဖွင့်ထားတယ်
ဒါပေမယ့်လိုင်းကတက်မလာဘူးဆိုရင်တော့ APN Setting မထည့်ပေးရသေးလို့ပါ။
တော်တော်များများကတော့အဲ့လိုအခြေနေဆို ဆိုင်ကိုပဲပြေးကြတော့တယ်မလား ??
ဆိုင်ပြေးစရာမလိုပါဘူး အခုတင်ပေးလိုက်တဲ့ Myanmar APNs ကိုကြည့်ပြီး ဘယ် Sim အမျိုးအစားက
APN Setting ဘယ်လိုထည့်ပေးရမယ်ဆိုတာအကုန်ထည့်ပေးထားပါတယ်။
အဲ့ဒီအတိုင်းကြည့်ဖြည့်ပြီး အင်တာနက်လိုင်းပြန်ဖွင့်ကြည့်လိုက်ပါ လုံးဝ OK နေပါလိမ့်မယ်။
မရသေးရင်တော့ဖုန်းကို Restart ချကြည့်ပေါ့ ပြန်တက်လာရင်တော့ Ok နေပါပြီ :D





အသုံးပြုနည်း
==========
အသုံးပြုနည်းကတော့ထွေထွေထူးထူးပြောစရာမလိုပါဘူး
ပထမဦးဆုံး Myanmar APNs ကိုဖုန်းမှာ Install လုပ်ပြီးဖွင့်လိုက်ပါ။
ကိုယ့် Sim ကဒ်အမျိုးအစားကိုရွေးပြီးနှိပ်လိုက်ပါ။
ပြီးရင် APN ကဘယ်လို Name ကဘယ်လိုဆိုတာရေးပြပေးထားပါတယ်။
Start ကိုနှိပ်လိုက်တာနဲ့ ဖုန်းရဲ့ Setting ထဲက APN Setting ကိုတခါတည်းရောက်သွားပါလိမ့်မယ်။
အဲ့ဒီမှာ Add ကိုနှိပ်ပြီး APN အသစ်တခုကိုလုပ်ကြရမှာပါ။
Noti ဘားမှာလည်းပေါ်နေပါလိမ့်မယ်။
အဲ့ဒါကိုကြည့်ပြီးဘယ်အကြောင်းကဘယ်လိုဖြည့်ရမယ်ဆိုတာ အဲ့ဒီအတိုင်းမှန်မှန်ကန်ကန်ဖြည့်ပေးလိုက်ပါ။
ပြထားတဲ့အတိုင်းသာဖြည့်ပါ၊ အဲ့မှာမပြထားတဲ့အကြောင်းတွေကိုတော့ ဒီအတိုင်းအလွတ်သာချန်ခဲ့လိုက်ပါ။
အားလုံးပြီးရင်တော့ Save လိုက်ပါ။
ပြီးရင်ကိုယ်ခုလေးတင်လုပ်ထားတဲ့ APN ကိုတချက်ရွေးပေးလိုက်ပါ။
အင်တာနက်လိုင်းဖွင့်လိုက်ပါတော့ Ok နေပါပြီ မရသေးရင်ဖုန်းကို Restart ချပေးပါ။
အဆင်မပြေသေးရင်တော့ နောက်တခါသေချာပြန်ကြည့်ဖြည့်ပေးပါ။
အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ.....

 

Screenshots

============









No comments:

Post a Comment