Wednesday, December 21, 2016

Myanmar Font & Language 4COC

Cover art

 

COC ကိုမြန်မာစာ၊ မြန်မာဘာသာ ၁၀၀% ထည့်သွင်းအသုံးပြုနိုင်တဲ့

Myanmar Font & Language 4COC လေး Update ဗားရှင်းထွက်ရှိလို့လာပါပြီ။



ဒီ Update မှာတော့အရင်ကအဆင်မပြေဘူးဆိုတဲ့ဖုန်းတွေတော်တော်များများပြင်ဆင်ပေးထားပါတယ်။
နောက်ပြီး Show Traps ဆိုတဲ့ဗုံးတွေ ထောင်ချောက်တွေ ကြိုတင်မြင်ရတဲ့ကောင်ကိုလည်းဖြုတ်ပစ်လိုက်ပါပြီ။
အကြောင်းမှာ Show Traps အသုံးပြုတဲ့အတွက် COC ကသူတို့ချမှတ်ထားတဲ့စည်းကမ်းတွေနဲ့မညီညွတ်တဲ့အတွက်


တချို့အကောင့်တွေအဘမ်းခံထိနိုင်ပါတယ်။
ကျနော်ကိုယ်တိုင်လည်းပထမဗားရှင်းမှာတုန်းကလည်း ကြိုပြောပြထားပြီးသားပါ။
အခုဒီဗားရှင်းမှာတော့လုံးဝဖြုတ်ချလိုက်ပါပြီ။
သူ့ရဲ့လုပ်ဆောင်ချက်ကတော့ မြန်မာစာရေးဖို့ဖတ်ဖို့ရယ်၊ မြန်မာဘာသာဖြင့်အသုံးပြုဖို့ရယ်၊ ဒီနှစ်ခုပဲကျန်ပါတော့တယ်။
ဒီလုပ်ဆောင်ချက်တွေကတော့ COC ရဲ့စည်းမျည်းစည်းကမ်းတွေနဲ့မသက်ဆိုင်တဲ့အတွက် စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။
ဒီကောင်ကိုသုံးဖို့ကတော့ ကိုယ့်ဖုန်းမှာ Root Access ရှိရပါမယ်။
Root မရှိရင်လုံးဝအသုံးပြုလို့ရမှာမဟုတ်ပါ။



အသုံးပြုနည်း
===========
အသုံးပြုနည်းကတော့အရင်အတိုင်းပါပဲ။
App ကိုကိုယ့်ဖုန်းမှာ Install လုပ်ပြီးဖွင့်မယ်
ပြီးရင်အပေါ်ဆုံးခလုတ်တခုဖြစ်တဲ့ Check Root ကိုနှိပ်ပြီး ကိုယ့်ဖုန်းမှာ Root ရှိ မရှိစစ်ဆေးမယ်။
Root ရှိခဲ့လျှင် Super User Request တောင်းခံလာပါလိမ့်မယ်။
Grant or Allow နဲ့လက်ခံပေးလိုက်ပါ။
ပြီးရင်တော့ မြန်မာစာနဲ့မြန်မာဘာသာကြိုက်တာသွင်းလို့ရပါပြီ။
ဒီမှာတခုပြောချင်တာက တချို့ကမြန်မာဘာသာထည့်လိုက်တာ COC မှာလေးထောင့်တုံးလေးတွေပဲတွေ့ရတော့တယ်လို့ဆိုကြပါတယ်။
အကြောင်းမှာ အဲ့ဒါ COC မှာမြန်မာစာမရသေးလို့ပါ။
မြန်မာစာမရသေးပဲနဲ့ မြန်မာဘာသာကိုဘယ်လိုမှမြင်နိုင်မှာမဟုတ်ပါ။
အဲ့လိုဖြစ်ခဲ့လိုရှိရင် မြန်မာဘာသာကိုသွင်းပေးလိုက်ပါ၊။
Ok သွားပါလိမ့်မယ်။
အားလုံးအဆင်ပြေနိုင်ကြပါစေ....


Screenshots

===========

 Myanmar Font & Language 4COC- screenshot


 Myanmar Font & Language 4COC- screenshot


 Myanmar Font & Language 4COC- screenshot


 Myanmar Font & Language 4COC- screenshot


 Myanmar Font & Language 4COC- screenshot


 Myanmar Font & Language 4COC- screenshot


 Myanmar Font & Language 4COC- screenshot


 Myanmar Font & Language 4COC- screenshot

2 comments: