
အကောင်းဆုံး Rooting Tool တွေထဲကတစ်ခုဖြစ်တဲ့ 360Root
ကွန်ပျူတာမလိုပဲ Root ဖောက်ပေးနိုင်တဲ့ App တွေထဲမှာ
ဒီ 360Root ကလည်း iRoot,KingRoot,BaiduRoot တို့လိုပဲဖုန်းတော်တော်များများကို Root Access ရအောင်လုပ်ပေးနိုင်ပါတယ်။
ဒီကောင်လေးကတော့ခုနောက်ပိုင်း အပေါ်ကပြောတဲ့ Root တွေမဖောက်နိုင်တဲ့ဖုန်းတွေမှာ ရအောင်ဖောက်ပေးနိုင်တာတွေ့ရပါတယ်။
ဒါပေမယ့် Root Tool တွေကတော့အကုန်ဆောင်ထားတာပိုကောင်းပါတယ်။
တစ်ခုတည်းနဲ့ဖုန်းတိုင်းကိုဖောက်ပေးနိုင်တာမဟုတ်ပါ။
တစ်ခုမရရင် နောက်တစ်ခုနဲ့ထပ်စမ်းဖောက်ပေးဖို့လိုအပ်ပါတယ်။
ဒါကြောင့်အကောင်းဆုံး Rooting App တွေကိုဆောင်ထားသင့်ပါတယ်။

အခြား Root App တွေကို ဒီမှာ သွားရောက်ဒေါင်းယူနိုင်ပါတယ်။
အသုံးပြုနည်း
==========
အသုံးပြုနည်းကတော့အရမ်းလွယ်ပါတယ်။
Root တွေအားလုံးကသဘောတရားတွေ အသုံးပြုနည်းတွေတူကြပါ။
Apk ကို Install လုပ်ပြီးဖွင့်
အထဲက 360Root ကို Install လုပ်ပါ။
Install လုပ်နေစဉ် Installation Blocked လို့ပြလာရင် More details ကိုနှိပ်ပြီး
Install anyway (unsafe) ကိုနှိပ်ပေးလိုက်ပါ။
Root ဖောက်တဲ့အခါ အင်တာနက်လိုင်းဖွင့်ပေးထားဖို့လိုအပ်ပါတယ်။
Wifi ရှိရင်တော့ wifi နဲ့ချိတ်လိုက်ပေါ့နော်…
ပြီးရင်တော့ 360Root ကိုဖွင့်လိုက်ရင်တရုတ်စာတွေပဲတွေ့ရပါလိမ့်မယ်။
Root ပါတဲ့စာလုံးကိုရွေးနှိပ်ပေးလိုက်ပါ။
အော်တို Root ဖောက်ပေးနေပါလိမ့်မယ်။
ဘာမှများများစားစားလုပ်ပေးစရာမလိုပါ။
ဖုန်းအားလုံးပေါက်နိုင်တယ်လို့တော့မဆိုလိုပါ။
ဒါပေမယ့်ဖုန်းတော်တော်များများကို ဖောက်ပေးနိုင်ပါတယ်။
ဒီကောင်နဲ့မရရင်တော့ တခြား Root တွေနဲ့စမ်းကြည့်ပေါ့
အဆင်ပြေပါစေ..
qertyuuuuuuyqasrtyuioooookkjhhgftttyuuyyuyyyttttttyuuuiioiiuyytttyuuhgfdderyugrertyyuuiiiiuyttrreey
ReplyDelete