Thursday, January 26, 2017

Myanmar Font Styles

ဒီဗားရှင်းမှာတော့ Android ဖုန်းတိုင်းအဆင်ပြေအောင်လုပ်ဆောင်ပေးထားပါတယ်။
ဖိုင်ဆိုဒ်ကလည်း 2MB ကျော်လေးပါပဲ :)
Samsung, Oppo တို့လို Font Style ပါတဲ့ဖုန်းတွေမှာ Root မလိုအပ်ပဲ လွယ်လွယ်ကူကူထည့်သွင်းအသုံးပြုနိုင်သလို
Huawei(EMUI). Vivo, Xiaomi(MIUI) တို့လို Theme ပါတဲ့ဖုန်းတွေမှာလည်း Root မလိုပဲအဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။
အခြား Theme လည်းမပါ Font Style မပါတဲ့ဖုန်းတွေမှာတော့ Root ဖောက်ပြီးထည့်သွင်းနိုင်ပါတယ်။
Samsung ဖုန်းတွေမှာ Facebook တို့ Viber တို့မှာမြန်မာစာမှန်ပေမယ့် Browser မှာမြန်မာစာမမှန်တာတွေကိုလည်း
Root ဖောက်ပြီးထည့်သွင်းနိုင်ပါသေးတယ်။


Root ဖောက်ထားတဲ့ဖုန်းကတော့ ဘာဖုန်းညာဖုန်းမရွေးပါ၊ အကုန်ရနိုင်ပါတယ်။
မကြိုက်ရင် နဂိုမူလအတိုင်းပြန်ထားနိုင်တဲ့ Restore ပါထည့်သွင်းပေးထားပါတယ်။
အခြား Theme တို့ Font Style တို့ပါတဲ့ဖုန်းတွေမှာတော့ iFont ရယ် HiFont ရယ်အဲ့နှစ်ခုနဲ့တွဲသုံးခိုင်းထားပါတယ်။
တကယ်လို့ကိုယ့်ဖုန်းထဲမှာရှိပြီးသားဆိုရင်တော့ ထပ်ထည့်စရာမလိုတော့ပါ။
မရှိသေးရင်လည်းကိစ္စမရှိပါဘူး ဒီ Myanmar Heart Font ကိုဖွင့်လိုက်တာနဲ့ အော်တိုဒေါင်းလုပ်ဆွဲပေးပါလိမ့်မယ်။
ပြီးရင်ဖောင့်သွားထည့်တဲ့အခါလိုအပ်ရင် Install လုပ်ခိုင်းပါလိမ့်မယ်။
ဘာလို့ခုလို HiFont နဲ့ iFont တွဲသုံးခိုင်းရတာလဲ ကိုယ့်ဘာသာ App ထဲမှာပဲအကုန်လုံးရအောင်လုပ်လို့မရဘူးလားဆိုတော့
ကျနော့်မှာစမ်းစရာဖုန်းမရှိပါလို့ :)
Samsung တလုံးပဲရှိတာဆိုတော့ အခြားဖုန်းတွေဘာနဲ့ဘယ်လိုအဆင်ပြေနိုင်မလဲ မသိနိုင်လို့ပါ။
အဲ့တော့ဒီနှစ်ကောင်က ဖုန်းတိုင်းကိုအဆင်ပြေအောင်လုပ်ပေးနိုင်တဲ့အတွက် ဒါကိုပဲအလွယ်တကူထည့်သုံးလိုက်တာပါ။
iFont ကိုလည်းရိုးရိုးဗားရှင်းနဲ့မဟုတ်ပဲ Pro ဗားရှင်းဖြစ်တဲ့ Donate ဗားရှင်း latest ကိုထည့်သွင်းပေးထားပါတယ်။
HiFont ကိုလည်းနည်းနည်းလိုအပ်တာလေးတွေပြင်ပေးထားပါသေးတယ်။
.
ဒီကနေသွားရောက်ဒေါင်းယူနိုင်ပါတယ်။
ဒီမှာပါ >> https://goo.gl/bcE6gL <<
.
အသုံးပြုနည်း
============
အသုံးပြုနည်းကတော့ အပေါ်ကပြောခဲ့သလို Font Style နဲ့ Theme ပါတဲ့ဖုန်းတွေမှာတော့ HiFont နဲ့ iFont ကိုပဲ
သုံးခိုင်းထားတဲ့အတွက် iFont အသုံးပြုနည်းအတိုင်းပါပဲ။
Samsung, Oppo, Huawei, Xiaomi လေးမျိုးကိုတော့ iFont နဲ့ခိုင်းထားပါတယ်။
အဲ့ဒီတော့ ကိုယ့်ဖုန်းကအပေါ်ကလေးမျိုးထဲက ဖြစ်နေခဲ့ရင်
Install ကိုနှိပ်ပါ။
iFont မရှိသေးရင် Install လုပ်ခိုင်းပါလိမ့်မယ်၊ Install လုပ်ဖို့အော်တိုဒေါင်းခိုင်းထားတာကမပြီးသေးရင် ထပ်ဒေါင်းပြီးစောင့်ခိုင်းပါလိမ့်မယ်။
ပြီးသွားရင်တော့ iFont ကို Install လုပ်ခိုင်းပါလိမ့်မယ်။ လုပ်ပေးလိုက်ပါ။
ပြီးရင်ဖွင့်ပါ၊ ညာဘက်အပေါ်နားက My ကိုနှိပ်ပါ၊ ပြီးရင် My Font ကိုနှိပ်ပါ၊ အဲ့ဒီထဲမှာ MyanmarHeartFont ရောက်နေပါလိမ့်မယ်။
နှိပ်လိုက်ပါ၊ ပြီးရင် Use ကိုသာနှိပ်ပါ Font ဖိုင်ကို Install လုပ်ဖို့လိုအပ်ရင် လုပ်ခိုင်းပါလိမ့်မယ်။
ပြီးသွားရင်တော့ Samsung နဲ့ Oppo ဆို Font Style မှာ MyanmarHeartFont(iFont) ကိုသာရွေးပေးလိုက်ပါ။
Huawei ဆို Theme ထဲမှာ MyanmarHeartFont ကိုရွေးပေးပါ။
Xiaomi ဆို Font or System Font မှာရွေးပေးရမှာပေါ့နော် -_-
.
Vivo ဆိုရင်တော့ HiFont နဲ့ခိုင်းထားပါတယ်။
အဲ့ဒီတော့ သူကလည်းအပေါ်ကပြောတဲ့ iFont လိုပါပဲ။
နည်းနည်းပဲကွဲသွားတာပါ။
သူကဖွင့်ဖွင့်ချင်းဆို ဘယ်ဘက်အပေါ်ဒေါင့်က Menu ကိုနှိပ်ရမှာပါ။
အဲ့ဒီထဲကမှ My Font ထဲကိုဝင်ပြီး Custom Font ထဲကိုဆက်သွားရမှာပါ။
အဲ့ဒီထဲမှာတော့ Zawgyi Heart ဆိုတဲ့ဖောင့်ဖိုင်ကိုအဆင်သင့်တွေ့မြင်ရမှာပါ။
အဲ့ဒါကိုသာဖွင့်ပြီး Use နှိပ်ပေးလိုက်ပါ။
Theme မှာလည်း Zawgyi Heart ကိုရွေးပေးလိုက်တာနဲ့ ရပါပြီ :)
.
HiFont နဲ့ iFont ဟာအလုပ်လုပ်ပုံသိပ်မကွာကြပါဘူး။
တချို့ iFont နဲ့မရတဲ့ဖုန်းကို HiFont ကရအောင်လုပ်ပေးနိုင်သလို
HiFont နဲ့မရတာကို iFont နဲ့ရတတ်တာတွေလည်းရှိနိုင်ပါတယ်။
အဲ့ဒီတော့ HiFont နဲ့မရရင် iFont နဲ့ထပ်လုပ်ပါလို့ အကြံပြုနိုင်ပါတယ်။
အသုံးပြုနည်းကတော့အပေါ်ကအတိုင်းပါပဲ Root မလိုအပ်ပဲ လွယ်လွယ်ကူကူအသုံးပြုနိုင်ပါတယ်။
.
Root ရှိတဲ့ဖုန်းကတော့လွယ်ပါတယ်။
Menu က Other[#Root] ထဲကိုဝင် Root တောင်းလိမ့်မယ် Allow or Grant နဲ့လက်ခံပေးလိုက်။
ပြီးရင် Install နှိပ်ပေးလိုက်ရုံပါပဲ ၅ စက္ကန့်လောက်ကြာတာနဲ့ပြီးသွားရင် Reboot ကျမယ်လို့ Message တက်လာမယ်။
Ok ပေးလိုက်တာနဲ့ဖုန်းက Restart ကျသွားမယ်၊။
ပြန်ပွင့်လာရင်တော့ ရပါပြီ စာလုံးပုံစံလေးတွေအကုန်ပြောင်းသွားပါပြီ :)
မကြိုက်ရင်တော့ Restore ကိုနှိပ်ပြီး မူလအတိုင်းပြန်ထားနိုင်ပါတယ် :)
.
အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ..
#Ht3tzN4ing #MyanmarAndroidApps #MyanmarHeartFont

5 comments:

  1. အကိုvivo y15ကိုrootဖောက်လို ့မရဘူးဖြစ်နေတယ်ဘယ်လိုဖောက်ကလဲကျေးဇူးပြုပြီးပြောပြပါလားဗျာ

    ReplyDelete
  2. အကိုoppoA11wကိုrootဖောက်လို့မရဘူးဖြစ်နေတယ်ဘယ်လိုဖောက်ကလဲကျေးဇူးပြုပြီးပြောပြပါလားဗျာ

    ReplyDelete