
လာမယ့် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့သူ၊ မြို့သားတွေအတွက် အပြောင်းအလဲတစ်ခုက ကြိုဆိုနေပါပြီ။ အဲဒါကတော့ နှစ်ပေါင်းငါးဆယ်ကျော် အသုံးပြုလာပြီး အဆင်အပြေမှုတွေရှိနေတဲ့ ရန်ကုန်မြို့ရဲ့ ဘတ်စ်ကားလိုင်းစနစ်တွေကိုဖျက်သိမ်းကာ ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကနေ ဦးဆောင်ပြီး အများပိုင်ဘတ်စ်ကားလိုင်းတွေနဲ့ စတင်ပြေးဆွဲတော့မှာပါ။
အသစ်ပြေးဆွဲမယ့် အများပိုင်ဘတ်စ်ကားလိုင်းတွေကို ဘယ်လိုပုံစံတွေနဲ့ပြေးဆွဲမှာလဲ၊ ဘယ်လိုကားတွေနဲ့ ပြေးဆွဲမှာလဲ၊ ဘယ်လမ်းကြောင်းတွေက ပြေးဆွဲမှာလဲဆိုတာတွေကို လေ့လာကြည့်ကြရအောင်။
YBS (Yangon Bus Service) ကို ဘယ်လိုဖွဲ့စည်းထားလဲ
ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်သစ်ကို (YBS) ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှုလုပ်ငန်းက စီမံကွပ်ကဲသွားမှာပါ။ ရန်ကုန်ကုန်တိုင်းဒေသကြီး မထသလက်အောက်က မော်တော်ယာဉ်လိုင်း ၃၀၀ ကျော်ကို ယာဉ်လိုင်း ၅၇ လိုင်းအထိလျော့ချပြီး စုပေါင်းပြေးဆွဲသွားမှာပါ။
ရန်ကုန်ဘတ်စ်ကားလိုင်းတွေ ဘယ်လိုပြေးဆွဲမှာလဲ
ရန်ကုန်မြို့ထဲမှာ အသစ်ပြန်လည်ပြေးဆွဲမယ့် ယာဉ်လိုင်းအမှတ် ၁ ကနေ ၅၈ အထိကို ရောင်စုံလိုင်း ခြောက်ခုနဲ့ ပြေးဆွဲသွားမှာပါ။ ဒီလိုပြေးဆွဲရာမှာ အညိုရောင် ဘတ်စ်ကားလိုင်းတွေက မြို့တွင်းပတ်လိုင်းတွေအဖြစ်ပြေးဆွဲသွားမှာဖြစ်ပြီး အနီရောင်လိုင်းတွေက အရှေ့ပိုင်းခရိုင်အခြေပြု၊ ခရမ်းရောင်က တောင်ပိုင်းခရိုင်၊ လိမ္မော်ရောင်က အနောက်ပိုင်းခရိုင်၊ အပြာရောင်က မြောက်ပိုင်းခရိုင်နဲ့ အစိမ်းရောင်က ပင်မလိုင်းတွေကို ချိတ်ဆက်မယ့်လိုင်းတွေအဖြစ် ပြေးဆွဲသွားမှာပါ။

ရန်ကုန်ဘတ်စ်ကားလိုင်းတွေကို ဘယ်လိုစီးရမလဲ
ရန်ကုန်ဘတ်စ်ကားလိုင်းတွေရဲ့ မှတ်တိုင်တိုင်းမှာ ခရီသွားလမ်းညွှန်ပိုစတာတွေထားရှိသွားမှာပါ။ ပိုစတာတွေရဲ့အောက်ပိုင်းမှာ YBS က ပြေးဆွဲတဲ့ ယာဉ်လိုင်းတွေရဲ့ခရီးစဉ်တွေကို ဖော်ပြထားပါတယ်။ ပိုစတာနဖူးစည်းမှာ ဖော်ပြထားတဲ့အရောင်အလိုက် နံပါတ်တွေကတော့ မိမိရောက်ရှိနေတဲ့မှတ်တိုင်ကို ဖြတ်သန်းမယ့် ယာဉ်လိုင်းတွေကို ဖော်ပြပေးထားတာဖြစ်ပါတယ်။

ဘယ်လိုကားတွေနဲ့ပြေးဆွဲမှာလဲ၊ ယာဉ်စီးခကို ဘယ်လိုပေးရမှာလဲ
Yangon Bus Service လက်အောက်မှာပြေးဆွဲမယ့် ဘတ်စ်ကားတွေက ၂၀၀၆ မော်ဒယ်ပတ်ဝန်းကျင် ကားတွေဖြစ်ရမှာဖြစ်ပြီး အဲကွန်းဖွင့်ပြီး ပြေးဆွဲရမှာပါ။ ယာဉ်စီးခကောက်ခံမယ့်စနစ်ကတော့ လောလောဆယ်မှာ ယာဉ်အကူကကောက်ခံသွားဦးမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ယာဉ်အကူတွေမထားတော့ဘဲ ကတ်နဲ့ပေးခြေရမယ့်စနစ်ကို ပြောင်းလဲသွားမယ်လို့ ဆိုပါတယ်။ ယာဉ်စီးခတွေကိုတွေ ခရီးစဉ်အပိုင်းလိုက် ၁၀၀ ကျပ်ကနေ သုံးရာကျပ်အထိ အပိုင်းလိုက်ကောက်ခံသွားမယ်လို့ သိရပါတယ်။
www.HtetzNaing.com
Ref : YBS
application မှာ ဘယ်နေရာရောက်နေပြီ ဘယ်နေရာကိုသွားချင်လဲ ရိုက်ထည့်လိုက်ရုံနဲ့ကားနံပါတ်ဘယ်လောက်ကိုစီးပါဆိုပြီး ဖော်ပြနိုင်ရင်တော်တော်ကောင်းမှာပါ ။ တစ်စင့်ထဲမရောက်ရင်လည်း ဘယ်ကားနံပါတ်စီးပြီးမှ နောက်တစ်ဆင့်ဘယ်ကိုပြောင်းစီးဆိုပြီးတော့ပေါ့။
ReplyDeleteကျေးဇူးတင်ပါတယ်
ReplyDeleteတခုလောက်အကြံပေးပါရစေခင်ဗျာ
ReplyDeleteအခုကြားတဲ့သတင်းကကြားမှတ်တိုင်တိုင်းမှာရပ်ပေးမယ်လို့ကြားပါတယ်ခင်ဗျာ
ဥပမာ (စံပြစျေး နဲ့ ဇဝန မှတ်တိုင်တွေကြားမှာ
ဘဝမြင့်-BOC-ဘုရားလမ်း) ဆိုပြီး ၃မှတ်တိုင်လောက်ခြားတယ်ခင်ဗျ
အခု app ထဲမှာရော လမ်းညွှန်ထဲမှာပါ
စံပြစျေး ပြီးတော့ ဇဝန မှတ်တိုင်ထိဖြစ်သွားတယ်ခင်ဗျ
Appထဲ ကြားမှတ်တိုင်တွေပါအသေးစိတ်ထည့်ပေးစေချင်ပါတယ်ခင်ဗျာ
No way for North okkalapa to Mingala bazaar,please.
ReplyDeleteအရင် YGN Bus apk 2016 ပုံစံမျိုးupgradeလုပ်ပေးပါ. GPS နဲ့ ရောက်နေတဲ့နေရာကိုလည်းပြတယ်. ကိုယ်ရောက်နေတဲ့နေရာနဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ ကားမှတ်တိုင်တွေကိုလည်းရှာလို့ရမယ်.အဓိကက GPS သုံးလို့ရစေချင်တယ်.
ReplyDeletegood app
ReplyDelete