
Sing! Smule မှာသီချင်းဆိုတဲ့အခါ Video ရိုက်လို့မရဘူးဆိုတဲ့သူတွေအတွက်
Smule Video Supporter လေးကိုထုတ်ပေးလိုက်ပါပြီ :D
Smule မှာဝင်ဟဲကြတဲ့သူတွေ Video မရပဲအသံနဲ့ပဲဆိုလို့ရတဲ့ဖုန်းတွေရှိကြတယ်မလား ?
ကျနော့်ဖုန်းလည်းမရပါဘူး Samsung Galaxy J7 ပါ။
Video ရိုက်လို့မရလို့ကြံရင်းကြံရင်းနဲ့ ဒီနည်းကိုရသွားတာပါ။
အစကတော့ကိုယ့်ဖုန်းပဲညံ့လို့မရဘူးထင်နေ ဘယ်ဟုတ်မလဲ
တခြားဖုန်းတွေမှာလည်းမရတာတွေရှိတယ်ဗျ :P
တော်တော်များများကလည်းလာမေးကြတယ် Video မရလို့ဘယ်လိုလုပ်ရမလဲတဲ့ :3
ပြောလာတဲ့သူတွေများလာတော့ ကိုယ်ရထားတဲ့နည်းနဲ့ App လေးရေးပေးလိုက်တာပါ။
ကိုယ်တိုင်လုပ်ရင်အဆင့်များလို့ App အနေနဲ့ရေးထုတ်လိုက်တာပါ။
တစ်ချက်နှိပ်လိုက်ရုံနဲ့ Video Recording Feature ကိုဖုန်းတိုင်းမှာအသုံးပြုနိုင်မှာပါ။
အဓိကကတော့ထုံးစံအတိုင်းဖုန်းမှာ Root Access လိုပါတယ်။
ဖုန်းကို System ပိုင်းအထိတစ်ခုခုဝင်ကလိတော့မယ်ဆိုရင်တော့
Root ကတော့မဖြစ်မနေကိုလိုအပ်တာပါ။


အသုံးပြုနည်း
========
အသုံးပြုနည်းကတော့ ကျနော်ရေးတဲ့ App တွေရဲ့ထုံးစံအတိုင်း
One Click ပါပဲ များများစားစားနှိပ်ပေးစရာမလိုပါ :P
အဓိကကတော့ Root ပဲနော် Root မရှိရင်တော့ဘယ်လိုမှရနိုင်မှာမဟုတ်ပါ။
ပထမဦးဆုံးဒီ Smule Video Supporter ကိုဒေါင်းပြီးဖုန်းမှာ Install လုပ်ပါ။
ပြီးရင်ဖွင့်လိုက်ပါ၊ ဖွင့်ဖွင့်ချင်း Root Permission တောင်းပါလိမ့်မယ်။
Allow or Grant နဲ့လက်ခံပေးလိုက်ပါ။
ပြီးရင် Unlock Video Feature! ဆိုတဲ့ခလုတ်ကိုနှိပ်ပေးလိုက်ပါ။
Root ရှိရင်တော့အောင်မြင်ကြောင်း Message Box တက်လာပြီး ဖုန်းက Reboot ကျသွားပါလိမ့်မယ်။
ပြန်တက်လာရင်တော့ Smule မှာသွားစမ်းကြည့်ပါ Video Recording Feature ကို
Support လုပ်ပေးနေတာကိုတွေ့ရပါလိမ့်မယ် :P
Root မရှိခဲ့ရင်တော့ Unlock Video Feature! ခလုတ်ကိုနှိပ်လိုက်တာနဲ့ Error ပြလာမှာပါ။
Root ဖောက်ပြီးမှထပ်လုပ်ကြပေါ့ :D
စမ်းခဲ့သလောက်တော့အဆင်ပြေပါတယ် မပြေတဲ့ဖုန်းတွေရှိရင်လည်း ပြောခဲ့ကြပါ။
နောက်ဗားရှင်းကျရင်ပြင်ဆင်ရေးသားကြတာပေါ့ :D
အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ :)
Screenshots
==========
Retrouvez l'intégralité du classement des 10 vidéos les
ReplyDeleteplus vues du mois de septembre sur YouT ube ! http://www.youtube.com/watch?v=l0DoNcd1WZk
Like
ReplyDelete