
COC မှာမြန်မာစာရော မြန်မာဘာသာပါထည့်သွင်းပေးနိုင်တဲ့ Myanmar Font & Language 4COC လေး Update 1.4
အားလုံးကြိုက်နှစ်သက်ကြတဲ့ COC မှာမြန်မာစာထည့်သွင်းပေးနိုင်တဲ့ ဒီ App လေးကို ဗားရှင်း 1.4 အနေနဲ့ Update ပေးလိုက်တာပါ။
သူ့ရဲ့လုပ်ဆောင်ချက်ကတော့ အရင်လိုပါပဲ ဒါပေမယ့် အရင်ဗားရှင်းနဲ့ အဆင်မပြေသေးတဲ့ဖုန်းတွေအတွက်
ထပ်မံဖြည့်စွက်ရေးသားထားပေးပါတယ်။
အရာရာတိုင်းအဆင်ပြေလိမ့်မယ်လို့မဆိုလိုပါဘူး အားလုံးကတော့လိုအပ်ချက်တွေရှိနေကြမှာပါ။
ဒီကောင်လေးကိုလည်း မရသေးတဲ့ဖုန်းတွေရှိသေးရင်ပြောပေးကြပါ။


ဒီနေ့ကောက်ယူတဲ့စစ်တမ်းအရ မရဘူးဆိုနေတဲ့သူတွေတော်တော်များများက သူတို့ဖုန်းမှာ Root မရှိကြတာပါ။
ဒါက App နဲ့မဆိုင်တော့ပါဘူး ဖုန်းက Root ဖောက်ထား မဖောက်ထားနဲ့သာဆိုင်သွားပါပြီ။
ကျနော်တင်တိုင်းလည်း ဖုန်းက Root ဖောက်ဖို့လိုအပ်ကြောင်း Root မဖောက်ထားရင် အသုံးပြုလို့မရနိုင်ကြောင်းပြောထားပြီးသားပါ။
အဲ့ဒီတော့အသုံးပြုသူများအနေနဲ့ ဒီ App ကိုသုံးမယ်ဆိုရင်ဖုန်းကမဖြစ်မနေ Root ဖောက်ထားရပါမယ်။
ကိုယ့်ဖုန်းက Root ဖောက်ထားပြီးသားလား မဖောက်ရသေးဘူးလား သိချင်ရင်တော့ Root Checker နဲ့စစ်ဆေးရပါမယ်။
Root Checker ကို ဒီမှာ သွားဒေါင်းနိုင်ပါတယ်။
မဖောက်ထားရသေးရင်တော့ ဒီကောင်လေးတွေနဲ့စမ်းဖောက်ကြည့်ပါ ဒီမှာပါ
ဒါတွေကဖုန်းထဲကနေပဲအလွယ်တကူ Root ဖောက်လို့ရတဲ့ Rooting App လေးတွေပါ။
ဖုန်းတော်တော်များများကိုတော့ Root လုပ်ပေးနိုင်ပါလိမ့်မယ်။
တစ်ခုမရရင်တော့ နောက်တစ်ခုနဲ့ထပ်စမ်းကြည့်ပေးပါ။
တချို့ဖုန်းတွေကျတော့ ဖုန်းထဲကနေဖောက်လို့မရတာတွေရှိနိုင်ပါတယ်။
အဲ့ဒီအခါကျတော့ ကွန်ပျူတာလိုအပ်ပါတယ်။
အသေးစိတ်ကိုတော့ ကိုယ့်ဖုန်း Model နဲ့ Version အလိုက် Google ကနေသာ ရိုက်ရှာလိုက်ပါ :)
Screenshots
===========









hi
ReplyDeleteCoc myanmar
ReplyDeleteCoc myanmar acc
ReplyDelete