
Android ဖုန်းပေါ်မှာ ခမ်းကောင်ပအိုဝ်းစာကိုရေးသားချင်သူများအတွက်
PaOh Kham Kaung Keyboard ပါ။
ပအိုဝ်းစာကမူက ခမ်းကောင်(တောင်ကြီးစာမူ) နဲ့ ခမ်းဒွမ်(သထုံစာမူ) ဆိုပြီးနှစ်မျိုးကွဲလျက်ရှိပါတယ်။
ဒါကတော့ ခမ်းကောင်စာမူအတွက်ပါ။
ခမ်းဒွမ်အတွက် ဒီမှာ >> Click Here << သွားယူလိုက်ပါ။
ဒါကကီးဘုတ်ပဲဖြစ်တဲ့အတွက် စာရိုက်ဖို့အတွက်ပါ။
ပအိုဝ်းစာကိုမြင်နိုင်ဖတ်နိုင်ဖို့အတွက် ဖုန်းမှာ ပအိုဝ်းဖောင့်အရင်ဦးဆုံးထည့်သွင်းထားဖို့လိုအပ်ပါတယ်။
Zawgyi PaOh Font Installer ကိုအသုံးပြုပြီး ဖုန်းမှာပအိုဝ်းစာအရင်ထည့်သွင်းထားပါ။
ပြီးမှ စာရိုက်ဖို့အတွက်ဒီကီးဘုတ်တွေကို ဒေါင်းပြီးအဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။
Zawgyi PaOh Font Installer ကို ဒီမှာ >> Click Herer << သွားဒေါင်းလို့ရပါတယ်။
ဒီပအိုဝ်းဖောင့်နဲ့ကီးဘုတ်ကို အမည်မဖော်လိုသူ အစ်ကိုတစ်ယောက်ကလုပ်ထားပေးတာပါ။
ကျနော်ကသူအကူအညီတောင်းလို့ပြန်တင်ပေးထားတာပါ။
ပြီးတော့ ဖောင့်ကိုသူအခမဲ့ဖြန့်ပေးထားပေမယ့်
ကီးဘုတ်တွေကိုတော့ 2$ နဲ့ရောင်းပါတယ်။
သူကိုယ်တိုင်ပင်ပင်ပန်းပန်းကြိုးစားအားထုတ်ထားတဲ့အတွက် ဝယ်ယူအားပေးကြဖို့ တိုက်တွန်းလိုပါတယ်။
နိုင်ငံခြားမှာနေထိုင်တဲ့သူတွေကတော့ Play Store ကနေဝယ်ယူပဲအလွယ်တကူအားပေးနိုင်ပါတယ်။
မြန်မာနဲ့ထိုင်းနိုင်ငံမှာနေထိုင်တဲ့သူတွအနေနဲ့ကတော့ ဘဏ်၊ သို့မဟုတ် ဖုန်း Bill များနဲ့လည်းဝယ်ယူရရှိပါတယ်။
ဝယ်ယူအသုံးပြုလိုပါက Facebook မှာ PaOh Zawgyi Font & Keyboard ပေ့စ်ကနေ
လာရောက်မေးမြန်းဝယ်ယူနိုင်ပါတယ်။
Page ကိုဒီကနေသွားရောက်နိုင်ပါတယ် :)

Font ရော Keyboard ရောအမည်မဖော်လိုသူတစ်ဦးဖန်တီးပေးထားတာပါ။
ကျနော်ကသူအကူအညီတောင်းလို့ပြန်တင်ပေးလိုက်တာပါ 😀
Developed By Anonymous!!!
Credit > Anonymous
Screenshots
==========
No comments:
Post a Comment