
Xiaomi(MIUI) ဖုန်းကိုင်ဆောင်သူတွေအတွက် မိမိတို့နှစ်သက်ရာ ဖောင့်ကို MIUI Font (.mtz)
ပြောင်းပေးနိုင်တဲ့ MIUI Font Maker လေးပါ။
လက်ရှိအသုံးများနေတဲ့ Font2Mtz ထက်ဘာတွေသာလဲဆိုတော့
တခြားကတော့တူတူပါပဲ ပိုသွားတာဆိုလို့
ဒီကောင်နဲ့က ကိုယ်ရေးချင်တဲ့ Description ရေးလို့ရတယ်။
နောက်ပြီးကိုယ်ကြိုက်တဲ့ Preview ပုံထည့်လို့ရပါတယ် :)
ဖိုင်ဆိုဒ်ကလည်း 2MB အတိအကျပဲရှိတာပါ :V
နောက်တစ်ခုကတော့ MIUI 8 တို့ဖောင့်ပြောင်းလို့မရဘူး
Root ရှိမှပြောင်းလို့ရတာဆိုတဲ့အလုံးတွေပါ Root မလိုပဲ System Font သွားပြောင်းနိုင်တဲ့
လုပ်ဆောင်ချက်ပါရှိပါတယ်၊ အဲ့ဒါဆိုကိုယ်သုံးချင်တဲ့ ဖောင့်ကို import လုပ်ပြီး Change Font ကနေ
System Font ကိုသွားပြောင်းလို့ရနိုင်ပါတယ် :)
အဆင်မပြေတာများရှိခဲ့ရင် Comment ပေးခဲ့ပါ :D


အသုံးပြုနည်း
=========
အသုံးပြုနည်းကတော့ စစဝင်တဲ့စာမျက်နှာမှာကို ကိုယ်လုပ်မယ့်ဖောင့်ရဲ့အချက်အလက်တွေထည့်ပေးပါ။
မထည့်ပေးရင်လည်းရပါတယ် ပြီးရင် Next ပေါ့။ နောက်စာမျက်နှာမှာတော့ Preview ပုံကိုချိန်းချင်ရင် Change Preview ကိုနှိပ်ပြီး
ကိုယ်ထားချင်တဲ့ပုံသွားရွေးပေးရမှာပါ၊ Pick Font ကိုနှိပ်ပြီး ကိုယ်လုပ်ချင်တဲ့ဖောင့်ဖိုင်ကိုသွားရွေးရမှာပါ။
အားလုံးပြီးရင်တော့ Create MIUI Font ကိုနှိပ်ပါ။
ထွက်လာတဲ့ဖောင့်ဖိုင်ကဘယ်နေရာမှာရှိနေမလဲဆိုတဲ့ Message တက်လာပါမယ်။
/sdcard/MIUI Font Maker/Output/သင့်ဖောင့်အမည်.mtz ဆိုတဲ့ဖိုင်ထွက်လာမှာပါ။
အားလုံးအဆင်ပြေပျောရွှင်နိုင်ကြပါစေ...
Screenshots
အဆင်မပြေပါလားမိတ်ဆွေ
ReplyDeleteဆက်လက်ကူညီပါလား
ကျေးဇူးတင်ပါသည်