Sunday, January 8, 2017

How to use Android N Theme Style in Windows 10RS1/8/8.1/7/SP1 [X86_X64] – [All Language] – [All Version]

 


 


မိမိတို့ရဲ့ ဝင်းဒိုးကွန်ပျူတာမှာ အခုနောက်ဆုံးထွက်
Android Nougat ဒီဇိုင်းနဲ့အသုံးပြုချင်သူများအတွက်
Android N Skin Pack လေးကိုတင်ပေးလိုက်ပါတယ်။



အရမ်းလှပါတယ်၊ အရမ်းလန်းလို့အခြားသုံးချင်တဲ့သူတွေရှိရင် သုံးလို့ရအောင်တင်ပေးလိုက်တာပါ။
အသုံးပြုနည်းကတော့ ဒီ Skin Pack လေးကို Install ပေးလိုက်ရုံပါ။
ဖိုင်ဆိုဒ်ကလည်း 30MB လောက်ပဲရှိပါတယ်။
အခုမှကွန်ပျူတာစတင်ထိတွေ့သူတွေအတွက်တော့ မလုပ်တတ်မှာစိုးလို့
အောက်မှာ ပုံလေးတွေနဲ့သေချာပြပေးလိုက်ပါတယ်။
Android N Skin Pack ကိုအောက်မှာပေးထားတဲ့လင့်ကနေဒေါင်းလိုက်ပါ။



Download Android N Skin Pack Here!


 

ဒေါင်းလို့ရလာတဲ့ SkinPack Android N.exe ကို Double Click နှိပ်ပြီးဖွင့်လိုက်ပါ။


ပြီးရင်တော့ Program တွေ Run တဲ့ထုံးစံတွေအတိုင်း Next ပဲပေါ့ :)



ပြီးရင်တော့ Next ပဲထပ်နှိပ်ပေးပါ။



 ဒီနေရာကတော့ ကိုယ်ရွေးချယ်ပေးရမှာပါ။ တကယ်ကကိုယ်ကအကုန်လုံး Android N ပုံစံသုံးပစ်မယ်ဆိုရင်တော့
သူရွေးပေးထားတဲ့အတိုင်း ၅ ခုစလုံးကိုပဲအမှန်ခြစ်ထားပေးပါ။ တကယ်လို့ကိုယ်က UxStyle လေးရယ် Folder တွေ
ဖိုင်တွေရဲ့ icon လောက်မှာသာ Android ပုံစံသုံးမယ်ဆိုရင်လည်း ကိုယ်မလိုချင်တဲ့အရာတွေကို အမှန်ခြစ်ဖြုတ်ပေးလို့ရပါတယ်။
ပြီးရင်တော့ Next နဲ့သာဆက်သွားပေးလိုက်ပါ။



ကျနော်ကတော့ UxStyle ရယ် Icons တွေရယ် Theme ရယ်ပဲ Android N ပုံစံသုံးမယ်ဆိုတော့ အောက်ကပုံမှာအဲ့ဒီသုံးခုပဲ အမှန်ခြစ်တပ်ပေးလိုက်ပါတယ်။ ကျန်တဲ့ကောင်တွေကိုတော့ မသုံးချင်လို့ဖြုတ်ထားလိုက်ပါတယ်။ ပြီးရင်တော့ Next ပေါ့နော် :D



ဒီအပိုင်းကတော့အရေးကြီးပါတယ် Next နဲ့မသွားပါနဲ့ဦး အဲ့ဒီမှာ Next နဲ့သွားမယ်ဆို့ အဲ့ဒီကြော်ငြာကြီးကျနော်တို့ ကွန်ပျူတာရောက်လာမှာပါ။ အဲ့ဒီတော့ မြှားပြထားတဲ့အတိုင်း မဖြစ်မနေအမှန်ခြစ်ဖြုတ်ပေးပါ။ ပြီးမှ Next နဲ့ဆက်သွားပါ။ ဒါဆိုရင်တော့သူ Installing လုပ်နေပါပြီ ၁ မိနစ် ၂ မိနစ်လောက်ကြာတတ်ပါတယ်။ စောင့်ပေးလိုက်ပါ။



အောက်ကပုံလိုမျိုးပြလာပြီဆိုရင်တော့ ရပါပြီ သင့်ရဲ့ကွန်ပျူတာ
Android N ဒီဇိုင်းနဲ့ကြည့်ကောင်းနေပါပြီ :D
Dialog လေးကိုပိတ်ချင်ပိတ် မပိတ်ချင်ရင်တော့ Next နဲ့သာဆက်သွားလို့ရပါတယ် :)



သူက Android ပုံစံဆိုတော့ Taskbar ကဟိုအပေါ်ဘက်ကိုရောက်သွားပါပြီ ။
ကိုယ်ကနဂိုအတိုင်းအောက်မှာပြန်ထားချင်တယ်ဆိုရင်တော့ အဲ့ဒီ Taskbar ကိုပေါ် Mouse လေးတင်ပြီး Right Click နှိပ်လိုက်ပါ။
ပေါ်လာတဲ့ထဲမှာ Properties ထဲကိုဆက်ဝင်ပေးပါ။



Taskbar location on screen ဆိုတဲ့ညာဘက်ကွက်လပ်ထဲမှာ Bottom ကိုပြန်ရွေးပေးပါ။
ပြီးတော့ Taskbar ပေါ်မှာ icon လေးတွေသေးသွားတာကိုသတိထားမိမယ်ထင်ပါတယ်။ တကယ်လို့ကိုယ်ကမူလအတိုင်းပြန်ထားချင်တယ်ဆိုရင်တော့ Use small icons ကိုအမှန်ခြစ်ဖြုတ်ပေးပါ။
အားလုံးပြီးရင်တော့ Apply ကိုနှိပ်ပေးလိုက်ပါ။



ဒီလောက်ဆိုရင်တော့အားလုံးကြည့်ကောင်းသွားပါပြီ :)



1 comment:

  1. looking good for my desktop. Thanks you.

    ReplyDelete