Friday, February 3, 2017

Myanmar All Sim Register

Cover art

မြန်မာနိုင်ငံက Sim ကဒ်အားလုံးကို မှတ်ပုံတင်ပေးနိုင်တဲ့ Myanmar All Sim Register Update ထွက်ရှိလို့လာပါပြီ။

MPT, Telenor, Ooredoo, MecTel စတဲ့မြန်မာနိုင်ငံက Sim ကဒ်အားလုံးကို

မိမိတို့ဖုန်းထဲကနေအလွယ်တကူမှတ်ပုံတင်ပေးနိုင်တဲ့
#Myanmar_All_Sim_Register လေးကို Update လုပ်ပေးလိုက်ပါတယ်။
၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့မတိုင်ခင် မိမိတို့ကိုင်ဆောင်ထားသော
ဆင်းမ်ကဒ်များ
မှတ်ပုံတင်ထားခြင်းမရှိပါက
မိမိတို့လက်ရှိအသုံးပြုနေသော
ဝန်ဆောင်မှုအားလုံး ယာယီရပ်ဆိုင်းခြင်းခံရပါမည်။
သို့ဖြင့်ပါ၍ထိုနေ့မတိုင်မီ ဆင်းမ်ကဒ်များကို မှတ်ပုံတင်ထားကြပါရန် မိမိတို့ကိုယ်တိုင်အပါအဝင် ပတ်ဝန်းကျင်ရှိ
မိတ်ဆွေသူငယ်ချင်းများကိုပါ အသိပေးရန်လိုအပ်ပါသည်။
.
ဒီ Version မှာတော့ဖုန်းအားလုံးနဲ့အဆင်ပြေပါတယ်။
ဖုန်းဆက်ပြီးအဆင်မပြေကြောင်းပြောကြားလာသူများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
အားလုံးကိုပြန်လည်ပြုပြင်ပေးထားလိုက်ပါပြီ။
အားလုံးဝိုင်း Share ပေးကြပါဦး :D



.
အသုံးပြုနည်း
==========
အသုံးပြုနည်းကတော့အရမ်းလွယ်ပါတယ်။
App ကိုကိုယ့်ဖုန်းမှာ Install လုပ်ပြီးဖွင့်လိုက်ပါ။
သက်ဆိုင်ရာကိုယ့်မှတ်ပုံတင်လုပ်ချင်တဲ့ Sim အမျိုးအစားကိုရွေးချယ်ပြီးဝင်လိုက်ပါ။
ဟိုထဲရောက်သွားရင်တော့အကုန်မြန်မာလိုပဲရေးသားထားပါတယ်။
ပထမဆုံးအဆင့်မှာဆိုရင်တော့ ကိုယ်မှတ်ပုံတင်မယ့်ဖုန်းနံပါတ်ကိုထည့်ပေးလိုက်ပါ။
ပြီးရင် Submit ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။
ဒါဆိုကုဒ်တောင်းပါလိမ့်မယ်။
ကိုယ်ထည့်လိုက်တဲ့ဖုန်းနံပါတ်ကို Verification code ပို့လာပါလိမ့်မယ်။
အဲ့ဒီကုဒ်ကိုထည့်ပေးပြီးဆက်ဝင်သွားလိုက်ပါ။
ဟိုထဲရောက်ရင်တော့ ကိုယ့်မှတ်ပုံတင် ကျောဘက်၊ ရှေ့ဘက် နှစ်ပုံထည့်ပေးရပါမယ်။
ပြီးတော့ Telenor ဆိုရင်ကိုယ့်ကိုယ်ကို Selfie ဆွဲပို့ပေးရပါသေးတယ် :P
စုစုပေါင်း ၃ ပုံပေါ့နော်...
ပြီးရင်တော့စောင့်ဖို့ပဲကျန်ပါတော့တယ်။
ကိုယ်မှတ်ပုံတင်တာ ပြီးပြီလား မပြီးသေးဘူးသိနိုင်ဖို့
Myanmar All Sim Register App ထဲကညာဘက်အောက်နားကဖုန်းခေါ်တဲ့ပုံလေးကိုနှိပ်ပါ။
အဲ့ဒီမှာကိုယ့်နဲ့သက်ဆိုင်တဲ့ အော်ပရေတာကိုရွေးပေးလိုက်ပါ။
ဒါဆိုအော်တိုဖုန်းခေါ်ပေးပါလိမ့်မယ်။
သူတို့ကိုမေးလို့ရပါတယ်။
မှတ်ပုံတင်နေစဉ်အတွင်းအဆင်မပြေတာများရှိခဲ့လျှင်လည်း သူတို့ဆီကိုပဲဆက်မေးလို့ရပါတယ်။
ကျနော့်ဆီကိုတော့ ဆော့ဝဲနဲ့ပတ်သက်တဲ့အကြံပြုစရာများ၊ အဆင်မပြေတာများသာ ဦးစားပေးဆက်သွယ်ပေးကြပါ။


Screenshots


==========



 Myanmar All Sim Card Register- screenshot


 Myanmar All Sim Card Register- screenshot


 Myanmar All Sim Card Register- screenshot


 Myanmar All Sim Card Register- screenshot

No comments:

Post a Comment