Wednesday, February 8, 2017

How to send any file to Messenger From Android.



ဒီတခါတော့ကျနော် Messenger ကနေကိုယ်ပို့ချင်တဲ့ဖိုင်တွေအားလုံးပို့လို့ရတဲ့နည်းပါ။


Messenger ကနေတိုက်ရိုက်ပို့လို့ရတာဆိုလို့ ပုံတွေနဲ့ Video တွေပါပဲ။
အသံတောင်မှအဲ့ကနေ Record ဆွဲမှပို့လို့ရတာ အားလုံးသိပြီးသားပါ။
apk တို့ဘာတို့ပို့တဲ့အခါကျပို့မရပါ။
ကျနော့်ကိုလည်းလာလာမေးနေကြတာနဲ့ ဒီနည်းလေးကိုတင်ပေးလိုက်ပါ။
တခြားနည်းတွေလည်းရှိချင်ရှိနိုင်ပါတယ် ကျနော်ကတော့ကျနော်ရထားတဲ့နည်းကိုပဲပြောပြသွားမှာပါ။
Desktop View မှာတော့လွယ်လွယ်ပို့နိုင်ပါတယ် ပို့ဖို့ခလုတ်လေးလည်းထည့်ထားပေးကြပါတယ်။
Android က Messenger မှာတော့မပါပါဘူး။
ဒါပေမယ့်ပို့လို့ရတဲ့နည်းနဲ့ရအောင်ပို့ကြတာပေါ့။
နည်းကတော့လွယ်ပါတယ် RAR ဆိုတဲ့ App ကိုသုံးပြီးပို့တာပါ။
ဘာဖိုင်မဆိုအကုန်ပို့လို့ရပါတယ် Mp3 သီချင်းတွေအစအဆုံးပို့လို့ရပါတယ်။
Apk တွေဘာတွေတိုက်ရိုက်အေးဆေးပို့ပေးနိုင်ပါတယ်။
တစ်ခုတော့ရှိပါတယ် Messenger ကနေဘာပဲပို့ပို့ ဖိုင်ဆိုဒ် 20MB ကျော်ရင်တော့မရပါ။
ဖိုင်ဆိုဒ် 20MB အောက်ဖြစ်ဖို့တော့လိုပါတယ်။

ပထမဦးဆုံး RAR ကိုအောက်ကပေးထားတဲ့လင့်ကနေကြိုက်တဲ့ နေရာကသွားဒေါင်းလိုက်ပါ။




ဒေါင်းလို့ရလာတဲ့ RAR ကိုဖုန်းမှာ Install လုပ်ပြီးဖွင့်လိုက်ပါ။


ကိုယ်ပို့ချင်တဲ့ဖုိင်ဆီကိုသွားပြီး အောက်ပုံလိုအမှန်ခြစ်လေးတပ်ပေးလိုက်ပါ။ ပြီးရင်တော့ညာဘက်အပေါ်ဒေါင့်နားလေးကို Menu လေးကိုနှိပ်လိုက်ပါ။


ပြီးရင်တော့ Send ကိုရွေးလိုက်ပါ။


ပြီးရင်တော့ ကိုယ်က Messenger ကိုပို့မှာဆိုတော့ Messenger ကိုရွေးလိုက်ပါ။



ပြီးရင်ကိုယ်ပို့ချင်တဲ့သူကိုရှာပြီး Sent ကိုနှိပ်လိုက်ပါ။ ပို့ပြီးသွားရင်တော့ ဒုတိယအပြာရောင်နဲ့ဝိုင်းပြထားသလို Sent ကအရောင်ပျောက်သွားမှာပါ။ ဒါဆိုရင်တော့စောင့်လိုက်ပါတော့ ကိုယ်ပို့လိုက်တဲ့ဖိုင်အကြီးအသေး၊ လိုင်းကောင်းမကောင်းအပေါ်မူတည်ပြီးကြာတတ်ပါတယ်။ လိုင်းကောင်းရင်တော့မြန်ပါတယ် :D



သူ့ဘက်ကဒေါင်းမယ်ဆိုရင်တော့ ပို့ထားတဲ့ဖိုင်ကိုနှိပ်ခိုင်းလိုက်ပါ။



Download ကိုနှိပ်ခိုင်းလိုက်ပါ။ ဒီလောက်ပါပဲ ရပါပြီ :D


No comments:

Post a Comment