Sunday, February 12, 2017

Myanmar All Sim Card Register [Telenor, MPT, Ooredoo, MecTel]

 



မြန်မာနိုင်ငံက Sim ကဒ်အားလုံးကို မှတ်ပုံတင်ပေးနိုင်တဲ့ Myanmar All Sim Register Update ထွက်ရှိလို့လာပါပြီ။

MPT, Telenor, Ooredoo, MecTel စတဲ့မြန်မာနိုင်ငံက Sim ကဒ်အားလုံးကို

မိမိတို့ဖုန်းထဲကနေအလွယ်တကူမှတ်ပုံတင်ပေးနိုင်တဲ့
#Myanmar_All_Sim_Register လေးကို Update လုပ်ပေးလိုက်ပါတယ်။
၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့မတိုင်ခင် မိမိတို့ကိုင်ဆောင်ထားသော
ဆင်းမ်ကဒ်များ
မှတ်ပုံတင်ထားခြင်းမရှိပါက
မိမိတို့လက်ရှိအသုံးပြုနေသော
ဝန်ဆောင်မှုအားလုံး ယာယီရပ်ဆိုင်းခြင်းခံရပါမည်။
သို့ဖြင့်ပါ၍ထိုနေ့မတိုင်မီ ဆင်းမ်ကဒ်များကို မှတ်ပုံတင်ထားကြပါရန် မိမိတို့ကိုယ်တိုင်အပါအဝင် ပတ်ဝန်းကျင်ရှိ
မိတ်ဆွေသူငယ်ချင်းများကိုပါ အသိပေးရန်လိုအပ်ပါသည်။
.
ဒီ Version မှာတော့ဖုန်းအားလုံးနဲ့အဆင်ပြေပါတယ်။
ဖုန်းဆက်ပြီးအဆင်မပြေကြောင်းပြောကြားလာသူများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
အားလုံးကိုပြန်လည်ပြုပြင်ပေးထားလိုက်ပါပြီ။
အားလုံးဝိုင်း Share ပေးကြပါဦး :D



.
အသုံးပြုနည်း
==========

Teleor


ဘာမှမလုပ်ဆောင်မီ မှတ်ပုံတင်၏အရှေ့အနောက်နှစ်ဖက်နှင့် မိမိမျက်နှာအား ပုံသေချာရိုက်ကူးထားလိုက်ပါ။
ပထမဦးစွာ "မှတ်ပုံတင်ရန်" ကိုနှိပ်ပါ။
မိမိဖုန်းထဲမှာ Web Browser တစ်ခုထက်မက ရှိနေပါကရွေးချယ်ခိုင်းပါလိမ့်မည်။
Chrome Browser ရှိပါက Chrome ကိုရွေးချယ်ပေးလိုက်ပါ။
မရှိခဲ့လျှင်အခြားအဆင်ပြေရာ Browser တစ်ခုခုကိုသာရွေးချယ်ပေးလိုက်ပါ။
( အကယ်၍ မိမိတို့ဖုန်းထဲမှာ Browser တစ်ခုသာရှိခဲ့လျှင် ရွေးချယ်ရန်ပေါ်လာမည်မဟုတ်ပါ။ )
Telenor ၏မှတ်ပုံတင်ရမယ့် Website ကိုရောက်သွားလျှင် "စတင်ရန်" ကိုနှိပ်လိုက်ပါ။
နောက်တစ်မျက်နှာတစ်ခုမှာ မိမိတို့မှတ်ပုံတင်လိုသည့် ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီး "Sign In" ကိုနှိပ်ပါ။
ကိုယ်ထည့်လိုက်တဲ့ဖုန်းနံပါတ်ကို Verification ကုဒ်ပို့လာပါလိမ့်မယ်။
ပေးပို့လာသောကုဒ်ကိုရိုက်ထည့်ပြီး "Sign In" ကိုထပ်နှိပ်ပေးပါ။
"ရှေ့သို့" ကိုနှိပ်ပေးလိုက်ပါ။
ရိုက်ကူးထားသောမှတ်ပုံတင်၏အရှေ့အနောက်နှစ်ဖက်နှင့်မိမိမျက်နှာအား "Choose File" တွင်အသီးသီးထည့်၍
အမှန်ခြစ်ရမည့်ကွက်လပ်၏ဘေးများတွင် အမှန်ခြစ်တပ်ပေးပြီး "အတည်ပြုမည်" ကိုနှိပ်ပေးပါ။
သင့် Sim Card ကို မှတ်ပုံတင်ရန် အောင်မြင်စွာစာရင်းပေးသွင်းပေးပြီးပါပြီ။
မှတ်ပုံတင်းခြင်းအောင်မြင်၊ မအောင်မြင်သည်ကို Telenor မှစစ်ဆေးပေးပြီးသည့်အခါ SMS ပေးပို့လာပါလိမ့်မည်။
( Choose File ကိုနှိပ်သည့်အခါ ပုံများရွေးရန်နေရာသို့ရောက်မသွားပါက Chrome Browser ကို
အသုံးပြု၍ မှတ်ပုံတင်ရန် အကြံပြုလိုပါသည်။
မိမိဖုန်းမှာ Chrome Browser မရှိသေးပါက App Store တစ်ခုခုမှ အခမဲ့ ဒေါင်းယူနိုင်ပါသည်။ )


ဘာမှမလုပ်ဆောင်မီ မိမိမှတ်ပုံတင်၏ အရှေ့အနောက်နှစ်ဘက်အား ပုံသေချာရိုက်ကူးထားလိုက်ပါ။
အွန်လိုင်းမှတဆင့်မှတ်ပုံတင်ခြင်းဖြစ်သည့်အတွက် MPT မှ
400 MB Data Package အား လက်ဆောင်အဖြစ် အခမဲ့သုံးစွဲနိုင်ခွင့်ရမည်။


ပထမဦးစွာ "မှတ်ပုံတင်ရန်" ကိုနှိပ်ပါ။
မိမိဖုန်းထဲမှာ Web Browser တစ်ခုထက်မက ရှိနေပါကရွေးချယ်ခိုင်းပါလိမ့်မည်။
Chrome Browser ရှိပါက Chrome ကိုရွေးချယ်ပေးလိုက်ပါ။
မရှိခဲ့လျှင်အခြားအဆင်ပြေရာ Browser တစ်ခုခုကိုသာရွေးချယ်ပေးလိုက်ပါ။
( အကယ်၍ မိမိတို့ဖုန်းထဲမှာ Browser တစ်ခုသာရှိခဲ့လျှင် ရွေးချယ်ရန်ပေါ်လာမည်မဟုတ်ပါ။ )

MPT


MPT ၏မှတ်ပုံတင်ရမယ့် Website ကိုရောက်သွားလျှင် အပေါ်ဆုံး "မိုလ်ဘိုင်းဖုန်းနံပါတ်" ကွက်လပ်ထဲမှာ
မိမိတို့မှတ်ပုံတင်လိုသည့် ဖုန်းနံပါတ်ကိုရိုက်ထည်ပါ။
ပြီးရင်အောက်တစ်ကြောင်းက အဝါရောင်လေးနဲ့ "ကုဒ်ကိုရယူပါ" ဆိုတာလေးကိုနှိပ်လိုက်ပါ။
ကိုယ်ရေးထည့်လိုက်တဲ့ဖုန်းနံပါတ်ကို Verification ကုဒ်ပို့လာပါလိမ့်မယ်။
ပေးပို့လာသောကုဒ်ကို "အတည်ပြုရန်ကုဒ်" ဆိုတဲ့ကွက်လပ်ထဲကိုရိုက်ထည့်ပြီး
"အကောင့်အသုံးပြုရန်ဝင်ရောက်သည်။" ကိုနှိပ်ပေးပါ။
ဒါဆိုမှတ်ပုံတင်ရမယ့်စာမျက်နှာကိုရောက်သွားပါပြီ။
"လူကြီးမင်းမှတ်ပုံတင်၏အရှေ့ဘက်ခြမ်းအားပေးပို့ပါ" ကိုနှိပ်ပြီး
ရိုက်ထားတဲ့မိမိမှတ်ပုံတင်၏အရှေ့ဘက်ခြမ်းကိုသွားရွေးထည့်ပေးပါ။
"လူကြီးမင်းမှတ်ပုံတင်၏အနောက်ဘက်ခြမ်းအားပေးပို့ပါ" ကိုနှိပ်ပြီး
ရိုက်ထားတဲ့မိမိမှတ်ပုံတင်၏အနောက်ဘက်ခြမ်းကိုသွားရွေးထည့်ပေးပါ။
အားလုံးသေချာပြီဆိုရင်တော့ ပေးပို့လို့ရပါပြီ။
ဒီနေရာမှာလိုင်းမကောင်းရင်နည်းနည်းကြာတတ်ပါတယ်၊ စောင့်ပေးလိုက်ပါ။
ပြီးရင်အောက်ကိုနည်းနည်းဆင်းပြီး "ပြင်ဆင်ရေးသားသည်" ဆိုတဲ့ခလုတ်ကိုရှာပြီးနှိပ်လိုက်ပါ။
"သုံးစွဲသူအမည်" ဆိုတဲ့ကွက်လပ်ထဲကို မိမိတို့မှတ်ပုံတင်ထဲက နာမည်အတိုင်းသေချာရေးထည့်ပေးပါ။
"နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် / မှတ်ပုံတင်အမှတ်" ဆိုတဲ့ကွက်လပ်ထဲမှာတော့
မိမိတို့ရဲ့မှတ်ပုံတင်ထဲကအတိုင်း မှတ်ပုံတင်အမှတ်ကို သေချာထည့်ရေးပေးလိုက်ပါ။
( မြန်မာ - အင်္ဂလိပ် မိမိအဆင်ပြေသလိုရေးထည့်နိုင်ပါတယ်။ )
အားလုံးသေချာပြီဆိုရင်တော့ "အိုကေ" ခလုတ်ကိုသာနှိပ်ပေးလိုက်ပါ။
သင့် Sim Card ကို မှတ်ပုံတင်ရန် အောင်မြင်စွာစာရင်းပေးသွင်းပေးပြီးပါပြီ။
မှတ်ပုံတင်းခြင်းအောင်မြင်၊ မအောင်မြင်သည်ကို MPT မှစစ်ဆေးပေးပြီးသည့်အခါ SMS ပေးပို့လာပါလိမ့်မည်။
( ပုံများထည့်ရန် နှိပ်သည့်အခါ ပုံများရွေးရန်နေရာသို့ရောက်မသွားပါက
Chrome Browser ကို အသုံးပြု၍ မှတ်ပုံတင်ရန် အကြံပြုလိုပါသည်။
မိမိဖုန်းမှာ Chrome Browser မရှိသေးပါက App Store တစ်ခုခုမှ အခမဲ့ ဒေါင်းယူနိုင်ပါသည်။ )

Ooredoo


ဘာမှမလုပ်ဆောင်မီ မိမိမှတ်ပုံတင်၏ အရှေ့အနောက်နှစ်ဘက်အား ပုံသေချာရိုက်ကူးထားလိုက်ပါ။
အွန်လိုင်းမှတဆင့်မှတ်ပုံတင်ခြင်းဖြစ်သည့်အတွက် Ooredoo မှ
500 MB Data Package အား လက်ဆောင်အဖြစ် အခမဲ့သုံးစွဲနိုင်ခွင့်ရမည်။
ပထမဦးစွာ "မှတ်ပုံတင်ရန်" ကိုနှိပ်ပါ။
မိမိဖုန်းထဲမှာ Web Browser တစ်ခုထက်မက ရှိနေပါကရွေးချယ်ခိုင်းပါလိမ့်မည်။
Chrome Browser ရှိပါက Chrome ကိုရွေးချယ်ပေးလိုက်ပါ။
မရှိခဲ့လျှင်အခြားအဆင်ပြေရာ Browser တစ်ခုခုကိုသာရွေးချယ်ပေးလိုက်ပါ။
( အကယ်၍ မိမိတို့ဖုန်းထဲမှာ Browser တစ်ခုသာရှိခဲ့လျှင် ရွေးချယ်ရန်ပေါ်လာမည်မဟုတ်ပါ။ )
Ooredoo ၏မှတ်ပုံတင်ရမယ့် Website ကိုရောက်သွားလျှင် ဖုန်းနံပါတ်ရိုက်ထည့်ပြီး Submit ကိုနှိပ်လိုက်ပါ။
ကိုယ်ရေးထည့်လိုက်တဲ့ဖုန်းနံပါတ်ကို Verification ကုဒ်ပို့လာပါလိမ့်မယ်။
ပေးပို့လာသောကုဒ်ကို ကွက်လပ်ထဲကိုရိုက်ထည့်ပြီး ရှေ့ကိုဆက်သွားပါ။
ဒါဆိုမှတ်ပုံတင်ရမယ့်စာမျက်နှာကိုရောက်သွားပါပြီ။
ပေးထားတဲ့ကွက်လပ်အားလုံးကို ဖြည့်ပေးလိုက်ပါ။
မှတ်ပုံတင်အရှေ့ဘက်ခြမ်းနဲ့အနောက်ဘက်ခြမ်းကိုလည်း ရွေးထည့်ပေးလိုက်ပါ။
အားလုံးသေချာပြီဆိုရင်တော့ ပေးပို့လို့ရပါပြီ။
ဒီနေရာမှာလိုင်းမကောင်းရင်နည်းနည်းကြာတတ်ပါတယ်၊ စောင့်ပေးလိုက်ပါ။
သင့် Sim Card ကို မှတ်ပုံတင်ရန် အောင်မြင်စွာစာရင်းပေးသွင်းပေးပြီးပါပြီ။
မှတ်ပုံတင်းခြင်းအောင်မြင်၊ မအောင်မြင်သည်ကို Ooredoo မှ
စစ်ဆေးပေးပြီးသည့်အခါ SMS ပေးပို့လာပါလိမ့်မည်။
( ပုံများထည့်ရန် နှိပ်သည့်အခါ ပုံများရွေးရန်နေရာသို့ရောက်မသွားပါက
Chrome Browser ကို အသုံးပြု၍ မှတ်ပုံတင်ရန် အကြံပြုလိုပါသည်။
မိမိဖုန်းမှာ Chrome Browser မရှိသေးပါက App Store တစ်ခုခုမှ အခမဲ့ ဒေါင်းယူနိုင်ပါသည်။ )

MecTel


ဘာမှမလုပ်ဆောင်မီ မိမိမှတ်ပုံတင်၏ အရှေ့အနောက်နှစ်ဘက်အား ပုံသေချာရိုက်ကူးထားလိုက်ပါ။
ပထမဦးစွာ "မှတ်ပုံတင်ရန်" ကိုနှိပ်ပါ။
မိမိဖုန်းထဲမှာ Web Browser တစ်ခုထက်မက ရှိနေပါကရွေးချယ်ခိုင်းပါလိမ့်မည်။
Chrome Browser ရှိပါက Chrome ကိုရွေးချယ်ပေးလိုက်ပါ။
မရှိခဲ့လျှင်အခြားအဆင်ပြေရာ Browser တစ်ခုခုကိုသာရွေးချယ်ပေးလိုက်ပါ။
( အကယ်၍ မိမိတို့ဖုန်းထဲမှာ Browser တစ်ခုသာရှိခဲ့လျှင် ရွေးချယ်ရန်ပေါ်လာမည်မဟုတ်ပါ။ )
MecTel ၏မှတ်ပုံတင်ရမယ့် Website ကိုရောက်သွားလျှင် ဖုန်းနံပါတ်ရိုက်ထည့်ပြီး Submit ကိုနှိပ်လိုက်ပါ။
ကိုယ်ရေးထည့်လိုက်တဲ့ဖုန်းနံပါတ်ကို Verification ကုဒ်ပို့လာပါလိမ့်မယ်။
ပေးပို့လာသောကုဒ်ကို ကွက်လပ်ထဲကိုရိုက်ထည့်ပြီး ရှေ့ကိုဆက်သွားပါ။
ဒါဆိုမှတ်ပုံတင်ရမယ့်စာမျက်နှာကိုရောက်သွားပါပြီ။
ပေးထားတဲ့ကွက်လပ်အားလုံးကို ဖြည့်ပေးလိုက်ပါ။
မှတ်ပုံတင်အရှေ့ဘက်ခြမ်းနဲ့အနောက်ဘက်ခြမ်းကိုလည်း ရွေးထည့်ပေးလိုက်ပါ။
အားလုံးသေချာပြီဆိုရင်တော့ ပေးပို့လို့ရပါပြီ။
ဒီနေရာမှာလိုင်းမကောင်းရင်နည်းနည်းကြာတတ်ပါတယ်၊ စောင့်ပေးလိုက်ပါ။
သင့် Sim Card ကို မှတ်ပုံတင်ရန် အောင်မြင်စွာစာရင်းပေးသွင်းပေးပြီးပါပြီ။
မှတ်ပုံတင်းခြင်းအောင်မြင်၊ မအောင်မြင်သည်ကို MecTel မှ
စစ်ဆေးပေးပြီးသည့်အခါ SMS ပေးပို့လာပါလိမ့်မည်။
( ပုံများထည့်ရန် နှိပ်သည့်အခါ ပုံများရွေးရန်နေရာသို့ရောက်မသွားပါက
Chrome Browser ကို အသုံးပြု၍ မှတ်ပုံတင်ရန် အကြံပြုလိုပါသည်။
မိမိဖုန်းမှာ Chrome Browser မရှိသေးပါက App Store တစ်ခုခုမှ အခမဲ့ ဒေါင်းယူနိုင်ပါသည်။ )


Screenshots


==========



No comments:

Post a Comment